သတင်းများ

မိုးစပါးစိုက်ဧက လျာထားပြည့်မီကျော်လွန်ရေး ဆောင်ရွက်
Aug 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း စပါးစိုက်တောင်သူများ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုးပြီး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာခြင်းနှင့် လယ်စိုက်တောင်သူများ လျာထားဧကထက်  ပြည့်မီကျော်လွန်​ရေး ထွန်ယက်စိုက်ပျိုးလျက်ရှိ​သည်။
ရခိုင်ပြည်နယ် အိုင်ကီဒို၊ ကရာတေးဒိုကလပ်၊ သံတွဲအသင်းခွဲ ခါးစည်းပေးအပ်ပွဲ ကျင်းပ
Aug 05,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ သံတွဲမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ရခိုင်ပြည်နယ် အိုင်ကီဒို၊ ကရာတေးဒိုကလပ် ၊ သံတွဲအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် အိုင်ကီဒို၊ ကရာတေးဒိုသင်တန်း သင်တန်းသားများအား ခါးစည်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လွှမ်းခြုံနိုင်ရေး Booster (Covid Shield) အား အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံ
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယ​နေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ လွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Aug 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးထက်ဝေတင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
သဲကုန်းမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများမှ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကလေးငယ်(၈၃)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် တူယှဉ်နွှဲပျော် ဂီတပွဲတော် Seacon-2 ပါဝင်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 05,2022
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season -2 ပါဝင်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃ ရက် ညနေ့ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်၌ စာချွန်ခံရပ်ကွက်တွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများကွင်းဆင်း ကောက်ယူဆောင်ရွက်
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက စာချွန်ခံရပ်ကွက်၌ ယမန်နေ့ညနေပိုင်းတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်း ကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံ
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac)ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဇီးကုန်းလေးရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီးဝန်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။