သတင်းများ

ချင်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 05,2022
ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
လွိုင်လင်မြို့၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ
Aug 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးခန်း၌ စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းနေကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ စျေးစတိုးဆိုင်များတွင်​ ရောင်းချ​လျက်ရှိသည့် လူသုံးကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ရှိ စျေးစတိုးဆိုင်များတွင် ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာအမျိုးမျိုးနှင့် သွားတိုက်ဆေးအမျိုးမျိုးတို့တွင် သတ်မှတ်ကုန်ညွှန်း အမှတ်အသားများ၊ အလေးချိန်ပါဝင်မှုပြည့်စုံခြင်း ရှိ/မရှိ ကို လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် တုံလုံကျေးရွာတွင် ပြည်သူများလူမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး
Aug 05,2022
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး၊ ကျေးလက်နေပြည်သူများ လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်၌  တုံလုံကျေးရွာတွင် ပြည်သူများလူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးလျက်ရှိကြောင်း သိရှိရသည်။
သံဖြူဇရပ်၌ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု (၃၀၀)စုအား ဆန်အိတ် (၃၀၀)ထောက်ပံ လှူဒါန်း
Aug 05,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက် မှု့ဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ မြို့နယ်အတွင်း ဆင်းရဲနွမ်းပါးသည့် အိမ် ထောင်စု(၃၀၀)စုအား ဆန်များ ထောက်ပံ့လှုဒါန်းခြင်းကို ယနေ့ နံနက် ၁၁ နာရီမှ စတင်ကာ အောင်ချမ်းသာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ အောင်သာယာရပ်ကွက်ရုံးတို့တွင် ပေးအပ် လှူဒါန်းသည်။
အင်္ဂပူမြို့နယ်တွင် မြစိမ်းရောင်‌‌ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲပြုလုပ်
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်​စောက်၌ မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့်​ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ
Aug 05,2022
ရှမ်းပြည်နယ်​တောင်ပိုင်း၊ ​တောင်ကြီးခရိုင်၊ ရပ်​စောက်မြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် နေကြာသီးနှံအတွက် လိုအပ်​သောမျိုး​စေ့ဝယ်ယူရန်အတွက် တောင်သူများလိုအပ်​သော​ ငွေ​ကြေးအရင်းအနှီးကို ပံ့ပိုး​ပေးနိုင်ရန် မြစိမ်း​​ရောင်​ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)မိတ်ဆက်ရှင်းလင်းခြင်းနှင့်​ ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်​နေ့နံနက်ပိုင်းက အလည်​ချောင်​ကျေးရွာအုပ်စု၊​ တောယား​ကျေးရွာ၌ ကျင်းပခဲ့​ကြောင်း သိရသည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အသင်း စာဖတ်ဝိုင်းကျင်းပ
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်က စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာကြီး ဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပကြသည်။