သံတောင်ကြီး ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်ကလေးငယ်များကျန်းမာ သန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို သံတောင်ကြီးမြို့ ကျန်းမာရေးဆရာမ ဒေါ်မိုးမိုးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများကဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ဝက်သက်-ဂျိုက်သိုး ၊ ဂျပန်ဦးနှောက်၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို သံတောင်ကြီးမြို့အသက်တစ်နှစ်အောက်ကလေးငယ်များအား တိုက်ကျွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ