သတင်းများ

ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Aug 06,2022
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ (ဆုံစည်းရာ) စာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့၌ မွေးကင်းစမှ အသက်(၅)နှစ်ခွဲ‌ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Aug 06,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ယနေ့ နံနက် ၉ နာရီက မြို့အတွင်းရှိ မွေးကင်းစမှ အသက်(၅)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင် မြို့နယ်တွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Aug 06,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂-ခုနှစ်၊ သြဂုတ်လအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က လျာထားကျေးရွာများအနက် ကျောက်ထရံကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများကို လူငယ်ရေးရာနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 06,2022
ကျောင်းသား၊ ကျောင်းသူများ စည်းလုံးမှုရရှိကာ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လူငယ်ရေးရာနှင့် အားကစားဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်  ၁၀ နာရီက အခြေခံပညာ အလယ်တန်းကျောင်း (လယ်တွင်း) သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 06,2022
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကောမပပျောက်စေရေးနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ပိုင်းအချိန်က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေး ဒီဂရီကောလိပ်၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမောက်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
Aug 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ်၌ ၂၀၂၂ ခုနှစ် ဗဟာဒူးဖူဆယ်ဖလားပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
Aug 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဗဟာဒူးဖူဆယ်ဖလား ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က ဗဟာဒူးစံချိန်မီ ဖူဆယ်အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအခွင့်အရေး ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေး
Aug 06,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍  စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။