ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုအား မြို့တော်ဝန်မှ ကြည့်ရှုစစ်ဆေး
Aug 07,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့် ဖြစ်တတ်သော ကူးစက်ရောဂါများ ကင်းဝေးစေရန် ရည်ရွယ်၍ အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်း၊ အ.မ.က(၁၁)၊ အ.လ.က(၄)ခွဲ ကျောင်းတွင်း/ပြင်ရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေး ရေမြောင်းများ ရှင်းလင်းဆောင်ရွက်ခြင်း၊ သစ်ပင်ခြုံနွယ်ပိတ်ပေါင်း များ ရှင်းလင်းခြင်းတို့ကို ယနေ့ နံနက် ၇;၀၀ နာရီက မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးမှ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။