မိုးညိုမြို့၊ အလက(ခွဲ)မြို့မကျောင်းတွင် ကျောင်းကျန်းမာရေး သတင်းပါတ်လှုပ်ရှားမှု ဆောင်ရွက်
Aug 08,2022
ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဗဟိုနှင့်ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၏ ပူးပေါင်းပံ့ပိုးမှုအားပိုမိုအား ကောင်းလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင်ပြည်သူလူထု တစ်ရပ်လုံးတွင် ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများတွင် ကျန်းမာရေးနှင့် ညီညွတ်သောအလေ့အကျင့် ကောင်းများရရှိကျင့် သုံးနိုင်စေရေးနှင့် သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့စေရေး အထောက်အကူရစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ အလက(ခွဲ)မြို့မတွင် ကျောင်းကျန်းမာရေးသတင်းပါတ် လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။