ကမာရွတ်မြို့နယ်တွင် သံင်္ဃာတော်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
Aug 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ အမှတ်(၂) ရပ်ကွက် ပျော်ဘွယ်ဘုန်းတော်ကြီးကြောင်းတွင် အသက် ၅ နှစ်မှ ၁၅ အထိ သံင်္ဃာအပါး (၇၀) တို့အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းကတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပျော်ဘွယ်ကျောင်းတွင် သံင်္ဃာတော်များကို ကျန်းမာရေးဝန်ထမ်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကိုထိုးနှံပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။