သတင်းများ

ဒေါပုံမြို့နယ်တွင် ကျောင်းသား/သူများ (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ‌ခြင်း
Aug 19,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ အ.လ.က(၂)ကျောင်းတွင် ယမန်နေ့နံနက် ၁၀နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ မိဘပြည်သူများသို့ မုန်တိုင်းအန္တရာယ် ကြိုတင်ကွယ်နိုင်ရန်အတွက် နှိုးဆော်
Aug 19,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မိဘပြည်သူများသို့ ထူးခြားမိုးလေဝသအခြေအနေများအား အသိပေးနှိုးဆော်ခြင်းကို တောင်ရပ်ရပ်ကွက် မော်တော်ဘုတ်ဆိပ်၊ သင်္ဘောဆိပ်၊ လူ စည်ကားရာနေများတွင်  ယမန်နေ့ နံနက် ၈ နာရီအချိန်က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပေးနှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Aug 19,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့် ရေးသားသော “သင့်ဘဝကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း ၆၀” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဆန်စက်မှ ဘေးထွက်ပစ္စည်းများဖြင့်  သဘာဝမြေဩဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်းသရုပ်ပြပွဲ တက်ရောက်
Aug 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူကျေးရွာအနီး၊ ရွှေဟိန်းဆန်စက်မှ ဘေးထွက်ပစ္စည်းဖြစ်သည့်(စပါးခွံ၊ ဖွဲပြာ၊ ဖွဲနု)များ နှင့်ကောက်ရိုးများ၊(EM)ဖျော်ရည်များ၊ နွားချေးများ ပါဝင်ပြုလုပ်သော သဘာဝမြေဩဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်းသင်တန်းနှင့်သရုပ်ပြပွဲအခမ်းအနားကို
နမ္မတူမြို့နယ် အမှတ်-၃ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 19,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ (၁၈)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အမှတ်-၃ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ သွေးလွန်တုပ်ကွေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Aug 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မရှိစေရန်နှင့် သွေးလွန်တုပ်ကွေးအကြောင်း ဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်
Aug 19,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ  ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မိုင်းရယ်၌ အခြေခံပညာအလယ်တန်းအဆင့် စိတ်ကြိုက်ပုံပြောပြိုင်ပွဲ ကျင်းပ
Aug 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ ကြီးမှူး၍ ကျောင်းသား/သူ များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ပြီး အလယ်တန်းအဆင့် စိတ်ကြိုက် ပုံပြောပြိုင်ပွဲကို