သတင်းများ

ကျုံပျော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ခရိုင်ရုံးဆိုင်းဘုတ်တင်ပွဲနှင့် ခရိုင်ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 24,2022
ငါးသယံဇာတလုပ်ငန်းများ ပိုမိုဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ခရိုင်ရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ခရိုင်ရုံးဖွင့်ပွဲ အခမ်းအနားကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး တည်ရှိရာ တေဇရပ်ကွက်၊ သောင်ရွာလမ်း၌ ယနေ့ နံနက် ၇ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။
သထုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ
Aug 24,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများပုံမှန်ထုတ်ပေး
Aug 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိရာ သြဂုတ်လ ၂၃ ရက်နေ့အထိ ပင်စင်စား (၇၁၁)ဦးအား ထုတ်ပေးခဲ့ပြီးဖြစ်​ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ မိုးစပါး ၂၈၂၄၆ ဧကစိုက်ပျိုးပြီး
Aug 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လယ် ၁၇၅၀၂ ဧက၊ ယာ ၇၇၇၃ ဧကနှင့် တောင်ယာ ၂၉၇၁ ဧက စုစုပေါင်း မိုးစပါး ၂၈၂၄၆ ဧကစိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)အောက်ကလေးငယ်များအား ထောက်ပံ့ကြေးငွေပေးအပ်
Aug 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်သည့် ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်)အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးငယ်များအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ကြီးခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
နတ်မောက်မြို့၌ လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Aug 24,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်း သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 24,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့၊ လမ်းဦးစီးဌာန ရိပ်သာ၌ ကွင်းဘတ်ကျွေးရွာ အုပ်စုတွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေး ပစ္စည်းများအား ဘေးသင့်အိမ်ထောင်စုများကိုယ်စား ငရုပ်ကောင်းမြို့အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။
တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား မြို့နယ်အဆင့်  ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်
Aug 24,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့်  ယမန်နေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် မီးသွေးတိုက် ကျေးရွာအုပ်စု မီးသွေးတိုက်ကျေးရွာ ရန်အောင်မြင်ဘုရား ပုရဝုဏ်အတွင်း၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။