သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧကတင်း(၁၀၀) နှုန်းထွက်ရှိရေး စံပြကွက်ဧက(၁၀၀)စိုက်ပျိုးပြီးစီးမှု ကွင်းဆင်းကြည့်ရှု
Aug 22,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် (၈)နာရီက လယ်ဝေးမြို့ ခရမ်းကိုင်းကျေးရွာအနီးရှိ တစ်ဧက တင်း(၁၀၀)နှုန်းထွက်ရှိရေး စံပြကွက် ဧက(၁၀၀)တွင် မိုးစပါးစိုက်ပျိုးပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ညောင်ဦးမြို့နယ်အတွင်း  ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သောအဖွဲ့မှ ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ
Aug 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းနယ်မြေလုံခြုံရေးတရားဥပဒေ စိုးမိုးရေးရပ်ရွာအေးချမ်းသာယာရေး ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအုပ်စု၊ ကျေးရွာလူထုအခြေပြုခန်းမတွင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ရွှေဘို​ခရိုင်ရုံး Community Centre ခန်းမတွင် စာအုပ်လှူဒါန်းပွဲ ကျင်းပ
Aug 22,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်ရုံး Community Centre  ခန်းမတွင် ယမန်​နေ့နံနက် ၁၀ နာရီချိန်က ရွှေဘို​သွေးစာ​ပေ အနုပညာမဂ္ဂဇင်းစာအုပ်များ လှူဒါန်းပွဲ ကျင်းပခဲ့​ကြောင်း သိရသည်။
ညောင်ဦးမြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်
Aug 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
Aug 22,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ ​စာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး၊ အမှန်နှင့်အမှားကို‌ ဝေဖန်ပိုင်းခြားတတ်‌စေရန်၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်‌စေရန် ရည်ရွယ်၍၊ ရွေ့လျားစာကြည့်တိုက်‌ မော်တော်ယာဉ်ဖြင့် စာအုပ်စာ‌စောင်များအား ပြည်သူများ လက်ဝယ်အရောက် သွားရောက်ငှားရမ်း‌ ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့နံနက်ပိုင်းက အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ သွား‌​ရောက်ငှားရမ်း‌ ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။
လွိုင်လင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး
Aug 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများအား လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက် (၀၉:၃၀)တွင် သွားရောက်ကွင်းဆင်းစစ်ဆေးကြသည်။
မာန်အောင်မြို့နယ်တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စာအုပ်စာစောင် အခမဲ့ငှားရမ်းပေး
Aug 22,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကMobile Library စနစ်ဖြင့် အလုပ်မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်
ပြင်ဦးလွင်မြို့နယ် ၊ ၂၁ မိုင်ကျေးရွာတွင် မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
Aug 22,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ပေပင်ကျေးရွာအုပ်စု ၊ ၂၁ မိုင်ကျေးရွာရှိ ပဋ္ဌာနဘာဏ ကကျောင်းတော်၌ ကျင်းပခဲ့​သည်။