သတင်းများ

ပခုက္ကူမြို့၌ အခြေခံဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းဆင်းပွဲ ကျင်းပ
Aug 22,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီအချိန်က  အခြေခံဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဆင်းပွဲကျင်းပသည်။
ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ ထုတ်ပေး
Aug 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၈)နာရီမှစ၍ ပင်စင်စားများအား ပင်စင်လစာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် မျိုးကွဲရောဂါ BA.4, BA.5 ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Aug 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအကြောင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများအတွင်း အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Aug 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အမှတ်(၁၃)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြိုနယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ထိုးနှံနိုင်ရန်ဆောင်ရွက်
Aug 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ Booster Dose များကို ရာနှုန်းပြည့်ထိုးနှံနိုင်ရန် ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လဲချားမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Aug 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။
ကျောက်ဆည်မြို့နယ် ဗနွဲ့ကုန်းကျေးရွာမှ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး
Aug 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လိုအပ်သည့်ကဏ္ဍများအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်၌ ဗနွဲ့ကုန်းကျေးရွာမှ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာတွင်း လမ်း များ ကွန်ကရစ်ခင်းပေးလျက် ရှိကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။