တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာနတွင်လယ်ယာသုံးထွန်စက်နှင့် ကိရိယာများကို အရစ်ကျဝယ်ယူခွင့်ပေး
Aug 22,2022
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက်ခရိုင် အလိုက်စံပြကျေးရွာ Smart village များကိုရွေးချယ်ပေးခဲ့ပြီးစံနှုန်းနှင့်အညီကိုက်ညီသော ထားဝယ် ခရိုင်ရှိ မင်းဒပ်စံပြကျေးရွာ၊ မြိတ်ခရိုင်ရှိ ဝန်ဖို့ကျေးရွာနှင့် ကော့သောင်းခရိုင်ရှိစိုင် တင်းစံပြကျေးရွာများကိုရွေးချယ်ကာ ကျေးရွာအတွက်လိုအပ်သော လယ်ယာသုံးထွန်စက်နှင့် ကိရိယာများကိုနိုင်ငံ တော်က(၅၀%)နှင့် ဝယ်ယူထားသော အသင်းသားများ က(၅၀%) အရစ်ကျ ဝယ်ယူခွင့်ရရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။