Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မအီမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ၂၀၂၂ခုနှစ် ၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူစည်ကား ရာမြို့ပေါ်ရပ်ကွက်နေရာများ၊ ဈေးသည်ဈေးဝယ်များသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဆိုင်ရာ လုပ်ငန်း လမ်းညွှန်မှုခံယူခြင်း အခမ်းအနား ကျင်းပ
Mar 25,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်မှုခံယူခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မကွေးမြို့ အမှတ် (၁)အခြေခံပညာ အတက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် တာဝန်ပေးအပ်ခြင်း ခံရသော ဆရာကြီး၊ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံတွင် စံချိန်စံညွန်းအရည်အသွေးပြည့်မီသည့် ဆေးဝါးများနှင့် စားသောက်ကုန်များ ရောင်းချရေး ဈေးကွက်ထောက်လှမ်း စစ်ဆေးခြင်း ဆောင်ရွက်
Mar 25,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဦးစီးဌာနမှ အသိအမှတ်ပြုထားသော စံချိန်စံညွန်း အရည်အသွေးပြည့်မီသည့် ဆေးဝါးများနှင့် စားသောက်ကုန်များ ရောင်းချရေးဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းကို ယနေ့နံနက်က မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပူးပေါင်း၍ လိုက်လံ ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
၂၀၂၂ ခုနှစ်၊မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့တွင် ပြည်သူ့စာကြည့်တိုက်စာဖတ်စာငှားသူများနှင့် ဌာနဆိုင်ရာများ၊ တပ်ဖွဲ့ဝင်များ၊ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း မီးလောင်မှု မီးလန့်မှု မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေး
Mar 25,2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပပြုလုပ် မည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်အတွင်း မီးလောင်မှု မီးလန့်မှုမဖြစ်ပွားရေးအတွက် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ စာစစ်ဌာနများအား ယနေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ ကြိုတင်စုဆောင်း
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးရေး တောင်သူများ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ ကြိုတင်စုဆောင်းလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း(၇၇)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းအိမ်ရာသစ်၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများ တက်ရောက်ဖွင့်လှစ်
Mar 25,2022
(၇၇) နှစ်မြောက်တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ပုသိမ်ခရိုင်စီမံကိန်း ရုံးဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မနက် ပိုင်းအချိန်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19378
Page
19379
Page
19380
Page
19381
Current page
19382
Page
19383
Page
19384
Page
19385
Page
19386
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department