ဒေးဒရဲ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို ယနေ့နံနက် (၈) နာရီက မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် စျေးနှုန်းသက်သာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြည်သူများအား ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြစ်သည့် ပေါ်ဆန်းဆန် (၁) ပြည် (၅၀၀၀) ကျပ်နှုန်း၊ ဧည့်မထဆန် (၁) ပြည် (၂၅၀၀) ကျပ်နှုန်းဖြင့် (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှ (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့အထိ နေ့စဉ် နံနက် (၈) နာရီမှ (၁၁) နာရီအထိ အမှတ် (၂) ရပ်ကွက် ကမ်းနားလမ်းရှိ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် နေ့စဥ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း