သတင်းများ

မြို့သစ်မြို့နယ် လေးတိုင်စင်အုပ်စု ဖိုကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်ကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေး
Mar 26,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ် လေးတိုင်စင်အုပ်စု ၊ဖိုကြီးကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ကျေးရွာရှိအသက်(၁၀)နှစ်နှင့်အထက် မှတ်ပုံတင်မပြုလုပ်ရသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိသေးသူများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အဆိုပါကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Mar 26,2022
 ဘားအံမြို့နယ် ရွှေတော-ကော့မူးတာ-ဖြတ်လှိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါလမ်းပေါ်ရှိ ကော့မူးတာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုလမ်းကိုဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ခရီးသွားပြည်သူများ၊ နိုင်ငံခြားခရီး သွားဧည့်သည်များအနေဖြင့် ဇာသပြင်အဖြောင့်လမ်းမှ သမိုင်းဝင်မဟာ ဆဒ္ဒန်ဂူတော်၊ ဇွဲကပင်တောင်တော်နှင့်ဇွဲကပင်ဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ အချိန်တိုတိုနှင့်သွားရောက် လည်ပတ်ဖူးမြော်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်ချင်းဆက်လမ်း များဖြစ်သည့် ဇာသပြင်အဖြောင့်လမ်း၊ အိန္ဒု-ဇာသပြင်လမ်း၊ မြဝတီ-ဘားအံအာရှလမ်းမကြီးတို့နှင့် ချိတ်ဆက်ထားခြင်းကြောင့် ကျေးလက် ထုတ်ကုန်များကို ဈေးကွက်သို့လျှင်မြန်စွာတင်ပို့ရောင်းချနိုင်သည့်အပြင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူ ချောမွေ့မြန်ဆန်ပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လမ်းများရေရှည်တည်တံ့ ကောင်းမွန် စေရေးအတွက် ကျေးလက်နေပြည်သူများက ဌာနဆိုင်ရာများနှင့် အတူပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)၌ သင်တန်းဆင်းပွဲများ ကျင်းပ
Mar 26,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB)တို့ ပူးပေါင်း၍ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)၌ ဖွင့်လှစ်သည့် ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၁)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၁)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ် စဉ်(၁၀)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၉)တို့၏ သင်တန်းများဆင်းပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်မျိုးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြကာ Sustainabridge(SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူး ဦးစောတင်ဝင်းမြင့် က သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။
ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ ငွေများပေးအပ်
Mar 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဘုရားပျို ကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုမှ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်‌၊ နွယ်ရုံကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပျက်စီးခဲ့ရသော မီးဘေးသင့် ပြည်သူ များအား ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 26,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်‌၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံ ကျေးရွာတွင် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း အပိုင်း(၁)နှင့် စစ်ပင်ရပ်ကွက် ကုက္ကိုလ်တန်းလမ်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 26,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း အပိုင်း(၁) နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက်ရှိ အဆိုပါလမ်းဖွင့်ပွဲမုဒ်ဦးရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဘားအံခရိုင် Community Centreမ တွင်ခန်းမတွင် ဖွင့် လှစ်သင်ကြားသည့် နွေရာသီ အခြေခံပန်းချီ သင်တန်း ဒုတိယနေ့တွင် အခြေခံမျဉ်းများ နှင့် ပုံ သဏ္ဍာန်များအကြောင်း သင်ကြား
Mar 26,2022
ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centreခန်း မတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်းဖွင့်လှစ်သည့် စတုတ္ထအကြိမ် နွေရာသီ အခြေခံပန်းချီ သင်တန်း ဒုတိယနေ့အဖြစ်အခြေခံမျဉ်းများနှင့် ပုံသဏ္ဍာန်များအကြောင်းအား သင်ကြားပေးလျက် ရှိကြောင်း သိရှိရသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှု အမြဲတမ်း မသန်စွမ်းမှု အကျိုး ခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေး
Mar 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။