သတင်းများ

ချောင်းဆုံမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများကို သင်တန်းသား/သူ (၁၁၇)ဦးအား ဖွင့်လှစ်သင်ကြားပေး
Mar 27,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး နွေရာသီအားကစားသင်တန်းများကို မြို့နယ် အားကစားကွင်းရှိ အားကစားရုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် မီးဘေးသင့်နေအိမ်များမှ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Mar 27,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၂၂)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဟင်္သာချောင် ကျေးရွာအုပ်စု၊ ရင်းနှောင်း ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်များမှ မိသားစုများအား ထောက်ပံ့ငွေနှင့် ပစ္စည်း များကို ယမန်နေ့နံနက်၁၁ နာရီက ပေးအပ်ခဲ့သည်။
မအူပင်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ် မြောက် တပ်မတော်နေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်အား (အခမဲ့)ဖြန့်ဝေခဲ့ သည်။
ဓနုဖြူမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ နံနက်(၈)နာရီ (၃၀)မိနစ်အချိန်က ရေလဲချောင်းဖျား ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ် ၌  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ  ကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လည် ၁၁ နာရီခွဲ အချိန်က ဟင်္သာတမြို့ အထက ၁ ကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်
Mar 27,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး၊ တိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ပို့ချ
Mar 27,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ ကျင်းပကြောင်း သိရ သည်။
တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Mar 27,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ခရိုင် လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။