ဟင်္သာတ မတ်၂၇
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ် မတ် ၂၇ ရက်တွင်ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင် ပြန်/ဆက်ဦးစီးဌာနရုံး (Community Centre )ခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနမှူး ဒေါ်ခင်စန္ဒာဆွေက မိမိတို့ ဦးစီးဌာနအနေဖြင့် စာပေကိုချစ်မြတ်နိုး၊ တန်ဖိုးထားသူများ တိုးပွားလာစေရန်နှင့်အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းမှ စာပေမှရရှိသည့်အသိပညာဗဟုသုတများ၊ အတွေးအခေါ် အသိအမြင်များ အချင်းချင်း မျှဝေ တတ်စေရန်၊ စာပေမှရရှိသောဗဟုသုတများကိုအသုံး ချ၍ တန်ဖိုးရှိသောလူမှုဘဝများ ဖြစ်လာစေရန် ရည်ရွယ်၍ ယခုလို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက်တပ်မတော်နေ့နှင့်ပတ်သက်သည့်စာအုပ်စာစောင်များ၊ အခြားဗဟုသုတရရှိဖွယ်သုတ/ရသ စာပေများကို ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများက ပြသထားသော စာအုပ်စာစောင်များနှင့် နံရံ ကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြပြီး (Book Club)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ စာပေဝါ သနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကို ဆက်လက်က