သတင်းများ

အင်္ဂပူမြို့တွင်(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်အင်္ဂပူမြို့အမှတ်(၂) ရပ်ကွက် ရွှေဘုန်းပွင့်(မြောက်) လမ်းတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တပိုင်းဆိုင်ရာ၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် အားကစားတွင် စိတ်ပါဝင်စားစွာ ပါ ဝင်ဆောင်ရွက်လာစေရေးအတွက် လူငယ်အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီတွင် မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလု်ပခဲ့သည်။
တောင်ငူ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Mar 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
(၇၇)နှစ်​မြောက် တပ်မ​တော်​နေ့ကို ဂုဏ်ပြုကြိုဆို​သောအားဖြင့် စက်စဲ အ.ထ.က နှစ်ထပ်​ကျောင်း ဆောင်သစ်ဖွင့်ပွဲကျင်းပ
Mar 27,2022
(၇၇)နှစ်​မြောက် တပ်မ​တော်​နေ့ကို ဂုဏ်ပြုကြိုဆို​သောအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲ​ကျေးရွာ အ​ခြေခံပညာ အထက်တန်းကျောင်း၏ နှစ်ထပ်​ကျောင်း​ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊​အ.ထ.က(စက်စဲ)​ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊​ ကျောင်းအကျိုး​တော်​ဆောင်အဖွဲ့များ၊​ ကျေးရွာပြည်သူများ တက်​ရောက်ကြောင်း သိရသည်။
မြေပုံမြို့၌ ပိုးသတ်ဆေးနှင့်ပတ်သက်သည့်တောင်သူပညာပေးသင်တန်းဖွင့်လှစ်
Mar 27,2022
မြေပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ပိုးသတ်ဆေးနှင့်ပတ်သက်သည့်တောင်သူပညာပေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြေပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီကျင်းပသည်။
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းမျိုးနွယ်စုအားလုံးပါဝင်သည့် အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပ
Mar 27,2022
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်သည့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စု ပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပထမဆုံးအကြိမ် အဖြစ်ဖွင့်ပွဲကို မတ် ၂၅ ရက် ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ရှိ ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖျာပုံမြို့တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နိုင်ငံတစ်ဝန်းလူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြော ပွဲများကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိ  ပညာပေးဟောပြောပွဲကို မတ်လ( ၂၆)ရက်နေ့ နံနက် ၁၁နာရီအချိန်က ဖျာပုံမြို့ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငရုတ်ကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာ ရောက်ကွင်းဆင်း၍ ထောက်ပံ့ငွေများပေးအပ်
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် MCCT (Maternal and Child Cash Transfer)အစီအစဉ်ဖြင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ငရုတ်ကောင်းမြို့၊ အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၂ ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးငယ်များအား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။