(၇၇)နှစ်​မြောက် တပ်မ​တော်​နေ့ကို ဂုဏ်ပြုကြိုဆို​သောအားဖြင့် စက်စဲ အ.ထ.က နှစ်ထပ်​ကျောင်း ဆောင်သစ်ဖွင့်ပွဲကျင်းပ

သံဖြူဇရပ် မတ်၂၇

(၇၇)နှစ်​မြောက် တပ်မ​တော်​နေ့ကို ဂုဏ်ပြုကြိုဆို​သောအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲ​ကျေးရွာ အ​ခြေခံပညာ အထက်တန်းကျောင်း၏ နှစ်ထပ်​ကျောင်း​ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊​အ.ထ.က(စက်စဲ)​ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊​ ကျောင်းအကျိုး​တော်​ဆောင်အဖွဲ့များ၊​ ကျေးရွာပြည်သူများ တက်​ရောက်ကြောင်း သိရသည်။

 ကျောင်း​​ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတွင်​ ရှေးဦးစွာ MH​ ဆောက်လုပ်​ရေးကုမ္ပဏီမှ ဦး​ဝေယံဖြိုးက ကျောင်း​ဆောင်သစ်​ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားပြီး​၊ အ.ထ.က(စက်စဲ)ကျောင်း အကျိုး​တော်​​ဆောင် ဦးမြင့်တင်က​ ကျောင်းဆောင်သစ်​ဆောက်လုပ်​ပေးမှုအတွက်​ကျေးဇူးတင်ဝမ်း​မြောက် စကား​ပြောကြားသည်။

ဆက်လက်၍ ကျောင်း​ဆောင်သစ်အား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်မိုးလွင်၊ အဖွဲ့ဝင်ဗိုလ်မှူးသက်ထွန်းဦး၊ မြို့နယ်ပညာ​ရေးမှူး​ ဒေါ်မြင့်မြင့်အေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးသည်။ ယခုဖွင့်လှစ်သည့်စာသင်ဆောင်အသစ်သည် (၉၀×၃၀)​ပေ နှစ်ထပ် RC အမျိုးအစား ဖြစ်ပြီး ပညာ​ရေးဌာန၏ ခွင့်ပြု​​ငွေကျပ် သိန်း(၁၄၀၀)ဖြင့် ဆောက်လုပ်ခြင်းဖြစ်​​​ကြောင်း သိရသည်။

အေးအေးမွန်