သတင်းများ

မိုင်းခုတ်မြို့၌ ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးလာ
Apr 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ငရုတ်သီးကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခဲ့ရာမှ ဈေးကောင်းရရှိသဖြင့် ယခုအခါစီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့အရှေ့ခြမ်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကွင်းဆင်းထိုးနှံပေး
Apr 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံထိုးနှံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် သတ်မှတ်ဆေးထိုးစုရပ်များအလိုက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအလိုက် အောင်စာရင်းများထုတ်ပြန်
Apr 25,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အောင်စာရင်းများကို ယမန်နေ့ နံနက် ၈ နာရီအချိန်မှ စတင် ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
မင်္ဂလာဒုံမြို့နယ် Community Centre လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးများအတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး
Apr 25,2022
ကလေးများ ကာယ၊ဥာဏစွမ်းရည်များ တိုးတက်လာစေမည့် စာပေဖတ်ရှုလေ့လာရန်၊ ဆွေးနွေးပြောဆိုတတ်ရန် အားကစားလေ့လာ လိုက်စားလာစေရန်၊ အသင်းအဖွဲနှင့် ပူးပေါင်း ဆောင်ရွက်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဖြတ်ထိုးဉာဏ် ကောင်းမွန်စေရန်တို့အတွက် ရည်ရွယ် ဧပြီ ၂၃ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်။
ထန်းတပင်မြို့နယ်တွင် ကျောင်းတွင်းစစ် စာမေးပွဲအောင်စာရင်းများကြေညာ
Apr 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းစစ် စာမေးပွဲအောင်စာရင်းကို ဧပြီလ (၂၄) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအခြေခံပညာကျောင်းများအလိုက် ထုတ်ပြန်ကြေညာခဲ့ကြကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်
Apr 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ရှေးဦးသူနာပြု စုနည်းသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမ၌ သင်တန်းစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးစာဖတ်ဝိုင်းဆောင်ရွက်
Apr 25,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသော ကလေးငယ်များနှင့်ပူးပေါင်း၍ ဇာတ်ညွှန်းဒီဇင်ဘာမွန်းမှ ရေးသားပြုစုသည့် ကလေးတို့အတွက် စကားပုံစာအုပ်ဖြင့် စာဖတ်ဝိုင်းကို  ယမန်နေ့ ညနေပိုင်း (၂)နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ (၃၇)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ‌ အောင်မြင်သော ကျောင်းသား/သူများအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်
Apr 25,2022
ဧရာဝတီတိုင်းဒေသကြီ၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ (၃၇)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ‌ အောင်မြင်သော ကျောင်းသား/သူများအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် သကျမဟာသီရိဘုရားကြီးဝင်းအတွင်း သံတန်ဆောင်း၌ ပြုလုပ်ခဲ့သည်။