ထန်းတပင်မြို့နယ်တွင် ကျောင်းတွင်းစစ် စာမေးပွဲအောင်စာရင်းများကြေညာ

ထန်းတပင် ဧပြီ ၂


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၁ ၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းစစ် စာမေးပွဲအောင်စာရင်းကို ဧပြီလ (၂၄) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအခြေခံပညာကျောင်းများအလိုက် ထုတ်ပြန်ကြေညာခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းကို သက်ဆိုင်ရာကျောင်းများအလိုက် ထုတ်ပြန်ကြေညာရာတွင်လည်းကျောင်းသား၊ ကျောင်းသူများနှင့် ၄င်းတို့၏ မိဘများလာရောက်ကြည့်ရှုလျက် ရှိကြောင်းလည်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၄၉)​ကျောင်း၊ ကိုယ်ပိုင်ကျောင်း() ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ()​ကျောင်းရှိပြီး၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုများကိုလည်းမေလ (၂၅) ရက်နေ့မှစတင်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
         
         

ဇင်မင်းထိုက်(ထန်းတပင်)