ပျဉ်းမနားမြို့အရှေ့ခြမ်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကွင်းဆင်းထိုးနှံပေး

ပျဉ်းမနား ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံထိုးနှံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် သတ်မှတ်ဆေးထိုးစုရပ်များအလိုက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာ ပျဉ်းမနားမြို့နယ်အနေဖြင့် လက်ရှိအချိန်အထိ  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၈၈)ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးပြီဖြစ်ပြီး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ဆေးထိုးအဖွဲ့(၁၀)ဖွဲ့နှင့် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည့်အပြင် ပျဉ်းမနားမြို့အရှေ့ခြမ်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသ ကျေးရွာအုပ်စု () အုပ်စုအတွင်းရှိ ကျေးရွာ(၅၈)ရွာတို့တွင်လည်း ဆေးထိုး အဖွဲ့()ဖွဲ့ကိုဖွဲ့စည်းကာ ဧပြီလ(၂၁)ရက်နေ့မှ(၂၉)ရက်နေ့အထိ  စုရပ်များသတ်မှတ်ကာ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)