သတင်းများ

တောင်ကြီးမြို့၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောကြိုးဝိုင်းဧရိယာအတွင်း ယနေ့နံနက်(၈)နာရီခွဲက လွိုင်ခမ်းအိမ်ရာအတွင်း၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပကြောင်း သိရသည်။
ရွှေတောင် မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ ထုတ်ပေး
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံကိန်းနှင့်ဘဏ္ဍာ​ရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင်ကျင်းပခဲ့ ကြောင်းသိရသည်။
ပဲခူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ တတိယနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မင်းလှမြို့နယ်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
May 25,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဧည့်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်စီးမှူးဦးစန်းမင်းနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများအား တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 25,2022
ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်၊ ခြင်ပုန်းခြင်ကြားများ ခိုအောင်းမှုမရှိစေရန်၊ သန့် ရှင်းလတ် ဆက်သည့် လေကောင်းလေသန့်ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို  ယနေ့ နံနက် (၇)နာရီခွဲ က ရှမ်းပြည်နယ်၊ ညော်င်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ မောင်တောမြို့နယ် အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 25,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုရွာသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်လှနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာသို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်
May 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက်လူငယ်ကျန်းမာရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်၊ သုနန္ဒာလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။