ညောင်ရွှေ မေ၂၅
ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်၊ ခြင်ပုန်းခြင်ကြားများ ခိုအောင်းမှုမရှိစေရန်၊ သန့်ရှင်းလတ် ဆက်သည့် လေကောင်းလေသန့်ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီခွဲက ရှမ်းပြည်နယ်၊ ညော်င်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်းအတွင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက ကျောင်းဝန်းအတွင်း ပေါင်းမြက်၊ ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်း၊ အမှိုက်သရိုက်များကို စနစ်တကျသိမ်းဆည်းမီးရှို့ခြင်း၊ ကျောင်းစာသင်ခန်းများ အတွင်းအပြင်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် စာသင်ခုံများစနစ်ကျ ခင်းကျင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ