သတင်းများ

ရပ်စောက်မြို့နယ် ဟွေးကျေးရွာအုပ်စု၌ နယ်လှည့်ဆေးကုသမှုပေးခြင်းနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ အားနယ်လှည့်ဆေးကုသမှုပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက ဟွေးကျေးရွာ ဘုန်းကြီး ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
May 25,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်ခန့်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆွေးနွေးပွဲကို မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက မြို့စိုးကျေးရွာအုပ်စု မြို့စိုးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် နည်းပညာဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ကျောင်းအပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပညာရေးမှူးရုံးအစည်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျောင်းအပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအတွင်းရှိ ပညာရေးမှူးများနှင့် Online Projector ဖြင့်ပြုလုပ်ခဲ့သည်။
ရပ်စောက်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
May 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
May 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ စာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါကချက်ခြင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ထားရှိ
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်စခန်းအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ချက်ခြင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အားစွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် လူ၊ ယာဉ်နှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကြံ့ခိုင်ကောင်းမွန်အဆင်သင့်အတွက် စုဖွဲ့လေ့ကျင်းခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့နယ်မီးသတ်စခန်းရှေ့ ကွင်းပြင်ကျယ်တွင် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ အသက်(၃)နှစ်မှ(၇)နှစ် ကလေးငယ်များအား ဆုံဆို့နှင့်မေးခိုင် ကာကွယ်ဆေးများထိုးနှံပေး
May 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ အသက်(၃)နှစ်မှ (၇)နှစ်ကလေးငယ်များအား ဆုံဆို့နှင့်မေးခိုင်ကာကွယ်ဆေးများကို ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရပ်ကွက်ကျေးရွာများရှိ ကျန်းမာရေးဌာနများ၊ စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။