ရွှေတောင် မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ ထုတ်ပေး

ရွှေတောင် မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်   မြန်မာ့စီးပွါးရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှ အပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ   နံနက် (၈) နာရီ မှ မွန်းလွဲ (၂)ထိ ထုတ်ပေးသွား မည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင် (၇၉၅) ဦး၊ကာကွယ်ရေးပင်စင် (၁၀၅၃) ဦး၊ နိုင်ငံရေးပင်စင် (၁၁၂) ဦး ဘဏ် ပင်စင် (၁၇) ဦး စုစုပေါင်း (၂၃၇၇) ဦးရှိကြောင်း သိရပါသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကြိုတင် ထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကို မင်း( ပြန်/ ဆက်)