အုတ်တွင်းမြို့နယ်၌ ပုံတူ ပန်းချီပြိုင်ပွဲ ကျင်းပ

အုတ်တွင်း မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ များအား ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပုံတူပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ပုံတူပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပုံတူပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ စုစုပေါင်း (၃၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား / သူများအား တာဝန်ရှိသူ အသီးသီးက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)