သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒဂုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲပြုလုပ်
May 19,2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပညာ‌ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒဂုံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်
May 19,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ် ဆရာ၊ ဆရာမများမှ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ စတင်ဖွင့်လှစ်ခဲ့သည်။
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၁၅၁ ဦး ဆက်လက်ထွက်ခွာ
May 19,2022
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများအား စေလွှတ်ရေးလုပ်ငန်းစဉ်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှုကြောင့် ၂၀၂ဝ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့မှစတင်ပြီး ၂ နှစ်ကျော်ရပ်နားထားခဲ့ရာမှ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှစတင် ဆောင်ရွက်နိုင်ခဲ့ရာ ယနေ့နံနက် ၉ နာရီက မြန်မာအလုပ်သမား ၁၅၁ ဦး ဆက်လက်ထွက်ခွာကြောင်း သိရသည်။
ဘားအံပညာရေးဒီဂရီကောလိပ်၌ ပထမ(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း ကျောင်းသားကျောင်းသူများအား ကြိုဆို
May 19,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမ(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း ကျောင်းသား ကျောင်းသူများအားကြိုဆိုသည့် အခမ်းအနားကို မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ ဒီဂရီကောလိပ်သီရိခန်းမ၌ ကျင်းပသည်။
တောင်တွင်းကြီး၌ ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူဦးကြီးများအား ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့မှစတင်၍  စနစ်တကျထုတ်ချေးပေးခဲ့‌ကြောင်းသိရသည်။
ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာကျောင်းရှေ့၌ ကျင်းပသည်။
မြင်းခြံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာစည်ကျေးရွာအနီးရှိ မြင်းခြံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နေ့လယ် (၁) နာရီအချိန်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြလုပ်ခဲ့ကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်
May 19,2022
မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့နယ်တွင် မေလ ၁၉ရက်နေ့ နံနက်၈နာရီအချိန်က မြို့မရပ်ကွက်၊ အောင်နန်းရပ်၊ အထက -၁ ကျောင်းရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ပြုလုပ်