သတင်းများ

လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးဘောင်မျိုး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း သရုပ်ပြဆောင်ရွက်
Jun 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် တောင်သူများကိုယ်တိုင်မျိုးစေ့ထုတ်ပြီး မျိုးကောင်းမျိုးသန့်ရရှိခြင်းဖြင့် အချင်းချင်းပြန်လည်ဖြန့်ဖြူးခြင်းဖြင့် အထွက်နှုန်း တိုးတက်စေရန်ရည်ရွယ်၍စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ မိုးစပါးဘောင်မျိုး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့ (က) ရပ်ကွက်၊ တောင်သူဦးစိုးနိုင်နှင့်ဦးရဲလင်းတို့၏ လယ်မြေတွင် ပြုလုပ်ဆောင်ရွက် သည်။
မိုင်းလုံမြို့တွင်  Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
Jun 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉:ဝဝ) နာရီအချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာ‌ရေးဌာနတွင် သွားရောက်ဌားရမ်းပေးခဲ့သည်။ 
မလှိုင်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 06,2022
၂ဝ၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
Jun 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲကို ဇွန် ၅ ရက်နေ့ နံနက် ၈ နာရီက ပုလောမြို့ မြို့မအားကစားကွင်းတွင်  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ် ချောင်းနောက်ပြန်ကျေးရွာ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပျိုးပင်(၁၀၀၀)စုပေါင်းစိုက် ပျိုးပေးခဲ့
Jun 06,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ ဇွန်(၅)ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀)ပြည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က ချောင်းလမုကျေးရွာအုပ်စု၊ ချောင်းနောက်ပြန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနှင့်၎င်းကျေး ရွာ-အမကကျောင်းဝင်းအရှေ့နေရာတို့၌ တပျော်တပါးစိုက်ပျိုးပေးခဲ့ကြသည်။
ပြည်မြို့တွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၂ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်  ၃၈ ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်စာမေးပွဲ (ဗဟိုအဆင့်)  ထူးချွန်ဆုရရှိသော သားငယ်၊ သမီးငယ်များကို ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Jun 06,2022
မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မြစေတီစာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့ဆိပ်တော်များ ဆက်ကပ်ခြင်းနှင့် ၃၈ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်စာမေးပွဲ (ဗဟိုအဆင့်) ထူးချွန်ဆုရရှိသော မင်္ဂလာသားငယ်၊ သမီးငယ်များကို ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်၊၊
ပေါက်ခေါင်းမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာအခြေခံ (Four Skills)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
Jun 06,2022
ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ် ရက်ရှည်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာအခြေခံကို သိရှိနားလည်တတ်မြောက်ထားရန်၊ အင်္ဂလိပ်စာ သင်ယူလိုက်ခြင်းဖြင့် ကိုယ်ပိုင်အတွေးအခေါ်များ ထက်သန်လာစေရန်နှင့် ကိုယ်တိုင်ရေးသား လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအင်္ဂလိပ်စာအခြေခံ (Four Skills) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့နယ် ဓမ္မသော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။