သတင်းများ

နမ္မတူမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၀၅)ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး
Jun 18,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇွန်လ (၁၇)ရက်နေ့တွင် နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၀၅)ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီ မှ သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jun 18,2022
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊‌ ဒေသကွပ်ကဲရေးမှူး (ပြည်)နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ယနေ့ နံနက်ပိုင်းက ပြည်မြို့ နဝဒေးရပ်ကွက်၊ ရွှေပေါက်ပင်ဘုန်းတော်ကြီးကျောင်းအနီး နဝဒေးလမ်းဘေးဝဲယာ၌ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ မြို့သန့်ရှင်းသာယာ လှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မိုးညိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။
မိုင်းကိုင်မြို့နယ် စော်ဘွားကန်ဘောင်သန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်
Jun 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏  မြို့တွင်းရေရရှိရေးအတွက် အဓိကထားအသုံးပြုနေသော မြို့၏ကျက်သရေဂုဏ်ဆောင် ရေကန်တစ်ကန်ဖြစ်သည့် စော်ဘွားကန်ဘောင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့မနက်ပိုင်းက နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လုပ်သားပြည်သူများ  စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခဲ့သည်။
ကျေးသီးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jun 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ၊ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်ပြပွဲကိုယမန်နေ့နေလယ်က ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရန် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 18,2022
မြို့သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ သိန္နီကုန်းကျေးရွာ အုပ်စု၊ သော်တာဝင်း တိုးဂိတ်တောင်ဘက်ထိပ်မှ ရတနာလင်္ကာရကျောင်းတိုက်၊ မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်အထိ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
(စူပါဘိုကာရှီ) သဘာဝမြေဩဇာပြုလုပ်သုံးစွဲမှု ကွင်းသရုပ်ပြပွဲနှင့် ပဲပုတ်မျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အရှေ့အုပ်စု၊ တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးထားရှိသော မိုးစပါးအပင်ဖြစ်ထွန်းမှု အခြေအနေနှင့် ဓါတ်မြေဩဇာများ ဈေးနှုံးကြီးမြင့်ခြင်းကြောင့် တောင်သူများ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာ ပြုလုပ်နိုင်သည့် ဘဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး ကွင်းသရုပ်ပြပွဲအား ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။   
မြို့သစ်မြို့နယ်မင်းရပ်ကွက်တွင် ဓမ္မစကူးလ်သင်တန်း တတိယပတ် ဆက်လက်သင်ကြား
Jun 18,2022
မကွေးခရိုင်၊ မြို့သစ်မြို့မင်းရပ်ကွက် အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး ယဉ်ကျေးလိမ္မာလာစေရန်၊ မွန်မြတ်သော အခြေခံဗုဒ္ဓတရားတော်များကိုသိရှိပြီး တန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်နှင့် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်တို့ကို လှိူင်နံ့သာဆရာတော်က ရှင်းလင်းပြောကြားခဲ့သည်။