ဖောင်းပြင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်၊ အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၂၈ ထိ အောင်မြင်

ဖောင်းပြင် ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၆ နာရီအချိန်က ထုတ်ပြန်ကြေညာရာ အောင်ချက်ရာခိုင်နှုန်း (၃၃ ဒသမ ၂၈) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထိုသို့အောင်မြင်ကြရာ တစ်ဘာသာဂုဏ်ထူးဖြင့် ၁၁၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် ၅၄ ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် ၄၇ ဦး၊ လေးဘာသာဂုဏ်ထူးဖြင့် ၇ ဦး၊ ရိုးရိုးအောင် ၁၇၈ ဦးရှိကြောင်း၊ မြို့နယ်လုံးအနေဖြင့် အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင် း(ခွဲ)ပေါင်း ၂၈ ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁၉၃ ဦးရှိကာ ​​အောင်မြင်သူပေါင်း ၃၉၇ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၃၃ ဒသမ ၂၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)