သတင်းများ

ကံမမြို့နယ် မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်၊    မင်းကုန်း   အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယမန့်နေ့ နေ့လယ်(၁) နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာဦးစီးဌာန၊   အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ (၂၁၉)ဦး  တက်ရောက်ခဲ့သည်။
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များနှင့် နို့တိုက်မိခင်များကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ကလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော နို့တိုတ်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
မိုင်းဆတ်မြို့၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Feb 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဖေဖော်ဝါရီလ(၇)ရက်နေ့နံနက်(၁၀)နာရီက  အ.မ.က(ဝိန်းဝိုင်) ကျောင်းသို့ ကွင်းဆင်း၍ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ​မေရီချက်စ်မင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ ​မေရီချက်စ်မင်း​ကျောင်းမှ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (Sinopharm Booster Dose) အပိုဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီကစ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကျင်းပ
Feb 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့မှူး၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Feb 08,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အား ‌ပြည်သူများနှင့်‌ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်‌စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်စိမ်းအိတ်များ ဆက်ကပ်လှူဒါန်း
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်/ သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်နှင့်ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ မိသားစုများကိုယ်စား မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်/သံဃာတော်များအတွက် ဆွမ်းဆန်စိမ်းအိတ်(၈)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။