သတင်းများ

တီးတိန်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း အခမ်းအနားပြုလုပ်
Feb 08,2023
ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၁၁နာရီက ပြုလုပ်သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာ စားပွဲတွင် ကပြဖျော်ဖြေကြမည့် မန္တလေးတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့ဝင်များ နေပြည်တော်အတွင်း အထင်ကရ နေရာများသို့ သွားရောက်လေ့လာ
Feb 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တိရစ္ဆာန်ဥယျာဉ်၊  နက္ခတ်တာရာပြခန်း၊ နေပြည်တော်မြို့မဈေး၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊  စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက် စသည့် အထင်ကရနေရာများကို (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာ စားပွဲတွင် ကပြ ဖျော်ဖြေကြမည့် မန္တလေးတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေး မှုအဖွဲ့ဝင်များ ယမန်နေ့နံနက် ၆ နာရီခွဲက စတင်၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ လေ့လာရေးယာဉ်တန်းဖြင့် သွားရောက်ခဲ့သည်။
ပင်လောင်းမြို့နယ် အ.ထ.က ထီတလိကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်း ထီတလိကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ
Feb 08,2023
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား (၇၆)နှစ်မြာက် ပြည် ထောင်စုနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲတို့ကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ပြည်သူ့စာကြည့် တိုက် (Community Centre ) ခန်းမ၌  ကျင်းပခဲ့ကြောင်းသိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Feb 08,2023
ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာ​ပေဗဟုသုတများရရှိ​စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယ​မန်နေ့ ​နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အ​ခြေခံပညာအလယ်တန်း​ကျောင်းသို့သွား​ရောက်၍  
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေဝါသနာရှင်များက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပ
Feb 08,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများနှင့် MSME လုပ်ငန်းများတွင် ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ထပ်မံမတည်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Feb 08,2023
ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး၊ ဗန်းမော်ခရိုင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများ နှင့် အတူ ဖေဖော်ဝါရီ ၅ ရက် နံနက် ၈ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများပြုလုပ်
Feb 08,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၆) နှစ် မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။