ကြည့်မြင်တိုင် ဖေဖော်ဝါရီ ၈
ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း စသည့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက ပြည်ထောင်စုနေ့အကြောင်း၊ ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားလာစေရန် ဟောပြောပွဲများ၊ ပြပွဲ ပြိုင်ပွဲများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူများအား စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းများဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ငှားရမ်းခဲ့ကြကြောင်း သိရသည်။
ခိုင်ဇာလင်း ( ပြန်/ ဆက် )