(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာ စားပွဲတွင် ကပြဖျော်ဖြေကြမည့် မန္တလေးတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့ဝင်များ နေပြည်တော်အတွင်း အထင်ကရ နေရာများသို့ သွားရောက်လေ့လာ

နေပြည်တော် ဖေဖော်ဝါရီ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တိရစ္ဆာန်ဥယျာဉ်၊  နက္ခတ်တာရာပြခန်း၊ နေပြည်တော်မြို့မဈေး၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊  စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက် စသည့် အထင်ကရနေရာများကို (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာ စားပွဲတွင် ကပြ ဖျော်ဖြေကြမည့် မန္တလေးတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေး မှုအဖွဲ့ဝင်များ ယမန်နေ့နံနက် ၆ နာရီခွဲက စတင်၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ လေ့လာရေးယာဉ်တန်းဖြင့် သွားရောက်ခဲ့သည်။

အဆိုပါ လေ့လာရေးယာဉ်တန်းဖြင့်အဖွဲ့(၁)တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊   ချင်းပြည်နယ်တို့မှ   အုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်  စုစုပေါင်း (၁၄၅ )ဦး၊ အဖွဲ့(၂)တွင် မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှအုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်စုစုပေါင်း (၁၃၇) ဦးတို့ သွားရောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်