မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့် စေတနာရှင်စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက စာကြည့်တိုက်တွင်ထားရှိသည့် သုတ/ရသစာအုပ်များစာရင်း၊ အသင်းဝင်ဦးရေ၊ စာဖတ်၊ စာငှား အခြေအနေများနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ စာကြည့်တိုက်မှတ်ပုံတင်ပြုလုပ်ရန် ထည့်သွင်းဖော်ပြရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စေတနာရှင်စာကြည့်တိုက်ဥက္ကဋ္ဌဦးညီညီလွင်က စာကြည့်တိုက်ကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရှိကြောင်း၊ ပိတ်ရက်မရှိကြောင်း၊ စာငှားသူဦးရေတစ်နေ့လျှင် (၁၅)ဦးခန့်ရှိကြောင်း၊ စာကြည့်တိုက်ရေရှည်ဖွံဖြိုးတိုးတက်ရေးကို ပြန်/ဆက်၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
မြမြဝင်း(ပြန်/ဆက်)