သတင်းများ

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံခြင်းလုံးခတ်ပညာသင်တန်း အခမဲ့ဖွင့်လှစ်
Apr 04,2023
နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ခြင်းလုံးခတ်ပညာရပ်အား စိတ်ပါဝင်စားပြီး အခြေခံမှစ၍ လေ့လာသင်ယူကာ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီ အခြေခံခြင်းလုံးခတ်ပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။
မောက်မယ်မြို့နယ်၌ ရာသီစာ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ
Apr 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်နေဒေသခံပြည်သူများသည် မိမိတို့၏ ယာမြေဥယျာဉ်ခြံများတွင် မြေအောက်ရေနှင့် ချောင်းရေသွင်းခြင်းဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်သူများရှိသကဲ့သို့ လုပ်ခနေ့စား မိသားစုများအနေဖြင့် အရင်းအနှီးမလိုသည့် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ကျေးရွာများမှ သဘာဝ ရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များ ရှာဖွေခူးဆွတ်ရောင်းချ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ ရာသီစာများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း  သိရသည်။
အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကွမ်း၊ ဆေးလိပ်အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Apr 04,2023
ကျောင်းသား၊ လူငယ်များအနေဖြင့် ကွမ်း၊ ဆေးလိပ်အန္တရာယ်ကို သိရှိရှောင်းရှားနိုင်ပြီး ကွမ်း၊ ဆေးလိပ် အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကွမ်း၊  ဆေးလိပ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြသဆောင်ရွက်ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဆင်းပွဲပြုလုပ်
Apr 04,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကျောက်တံခါး) ပတ္တမြားခန်းမတွင် ယမန်နေ့ညနေ(၄)နာရီက မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍  ရှေးဦးသူနာပြုစနည်း(အခြေခံ)သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှေးဟောင်းသမိုင်းဝင်ခိုမင်းဓာတ်စေတီတော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲကျင်းပ
Apr 04,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှေးဟောင်းသမိုင်းဝင်ခိုမင်းဓာတ်စေတီတော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကို  ယနေ့ နံနက် ၉ နာရီက  အဆိုပါ စေတီတော်အနီးတွင် ပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်၌ နွေရာသီအခြေခံအားကစားနည်း သင်တန်းဆင်းပွဲပြုလုပ်
Apr 04,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဋ္ဌာန၊ ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဋ္ဌာနမှဖွင့်လှစ်သော နွေရာသီအခြေခံအားကစားနည်း(၅)မျိုး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့အားကစားကွင်းကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူးနှင့် အားကစားသင်တန်းသူ သင်တန်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Apr 04,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် အဆိုပါရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Apr 04,2023
ကျောက်တန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃:၀၀ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။