ညောင်ဦးခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ညောင်ဦး  ဧပြီ  ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ တာဝန်များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတိုးလွင်က အဖွင့်အမှာစကားပြောကြားကာ ညောင်ဦးခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူးက စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။ ပြီးနောက် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန (ဆည်မြောင်း) ခရိုင်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်စာရင်းစစ်ချုပ်ရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့အား လုပ်ငန်းစီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်းသိရပြီး ညောင်ဦးခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတိုးလွင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း