ဖျာပုံမြို့၌ မိုးစပါးရေတော်မိုးတော် ထွန်တုံးပိတ်ပွဲကျင်းပ
Aug 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သြဂုတ်လ (၁၁) ရက် နံနက် (၉) နာရီအချိန်က ကိုးအိမ်တန်း ကျေးရွာအုပ်စု၊နောင်တော်ကြီးကျေးရွာတောင်သူ ဦးဇော်လှိုင်ထွန်း၏ ကွင်းအမှတ်(၄၉၉-A)၊ ဦးပိုင်အမှတ် (၁/၁) ၊ လယ်မြေ (၅၀) ဧက၌ ကျင်းပပြုလုပ်သည်။