သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၆ ခုနှစ် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ သံလွင်အပန်းဖြေဥယျာဉ် ဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 20,2026
၂ဝ၂၆ ခုနှစ် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို မတ် ၁၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်သည်။
ကျောက်ကြီးမြို့နယ်၌ (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ပထမအဆင့်နှင့် ဒုတိယအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းဆောင်ရွက်
Mar 20,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၆ ခုနှစ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ပထမအဆင့်နှင့် ဒုတိယအဆင့် နှစ်ဆုံတတ်မြောက်မှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ဆောင်ရွက်လျှက်ရှိသည်။
ကွန်ပျူတာ၊ စက်ချုပ်အခြေခံသင်တန်း၊ အလှခြင်းရက်သင်တန်းနှင့် Bow ကလစ်သင်တန်းဆင်းပွဲ ကျင်းပ
Mar 20,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်‌ပေးခဲ့သော ကွန်ပျူတာအခြေခံသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အလှခြင်းရက်သင်တန်းနှင့် Bow ကလစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၁၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတင်သိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
မဟာဗုဒ္ဓဝင်နှင့် (၃၈) ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်း ဖွင့်လှစ်
Mar 20,2026
ပဲခူးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကကြီးမှူးပြီး မဟာဗုဒ္ဓဝင်နှင့် (၃၈) ဖြာမင်္ဂလာယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းကို မတ် ၁၇ ရက်နေ့က ပဲခူးမြို့ စစ်မှုထမ်းဟောင်းအိမ်ယာရှိ သင်တန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အဟာရဒါနအဖြစ် အချိုရည်နှင့် မုန့်များ ကျွေးမွေး
Mar 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဟာရဒါနအဖြစ်အချိုရည်နှင့် မုန့်များ ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်၌ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Mar 20,2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်၌ ယနေ့နံနက် ၃ နာရီခွဲက မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်​မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Mar 20,2026
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အနုပညာအခြေခံကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးအဆင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 20,2026
အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (တိုင်းဒေသကြီးအဆင့်) ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။