ချမ်းမြသာစည် မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အနုပညာအခြေခံကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် နည်းပြဆရာ ဦးရွှေမော်က ပြိုင်ပွဲဝင် ပန်းချီကားများ၏ ဆေးရောင်ခြယ်ခြင်းနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က သင်တန်းကာလအတွင်း သင်ကြားမှုအပေါ် စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကျေးဇူးတင်စကား ပြောကြားသည်။
ထိုနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အခြေခံပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့ကလည်းကောင်း၊ တတိဆုရရှိသူအား ဆရာဖိုးချစ် (တောင်ခြေ)က လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူများအား ဆရာဝေမင်းသန့်ကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အလှူရှင်များကိုယ်စား ဦးဘိုဘိုဟန်က အခြေခံပန်းချီရေးဆွဲနည်း သင်တန်းနည်းပြဆရာများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ပြန်/ဆက်)