သတင်းများ

ကျောက်ဆည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား ကျင်းပ
Mar 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးကျေးရွာ၊ မဟာရွှေသိမ်တော် မြတ်စွာဘုရားဝင်းအတွင်းရှိ ကေသီဦးဓမ္မာရုံ၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။    
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ကျွန်းစုမြို့နယ်၌ လျှပ်စစ်ဓာတ်အားကို အချိန်အကန့်အသတ်ဖြင့်သာ ဖြန့်ဝေ
Mar 20,2026
စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများတွင် လောင်စာဆီ ကုန်ကျစရိတ်များ တိုးမြင့်လာမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လျှပ်စစ်ဓာတ်အားကို အချိန်အကန့်အသတ်ဖြင့် သာ ဖြန့်ဝေပေးနေကြောင်း သိရသည်။
မြောက်ဥက္ကလာမြို့နယ်ရှိ ဆေးတက္ကသိုလ် (၂) နှင့် သီရိရတနာလက်လီလက်ကားဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်
Mar 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဆေးတက္ကသိုလ် (၂) တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများက အဆိုပါဆေးတက္ကသိုလ်-၂ ခြံ၀င်းအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ယာယီရဲမှူး မျိုးအောင်၊ ဆေးတက္ကသိုလ်-၂ မှ ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ကူးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
Mar 20,2026
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်
Mar 20,2026
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ် ၁၉ ရက်နံနက် ၁၀ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 20,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့်  အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီ အခြေခံအားကစားသင်တန်း ဆင်းပွဲကို မတ် ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြိုနယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ H O B ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိနေသော စားသုံးဆီတင်င်္ဘောမှ သယ်ဆောင်လာသည့် စားသုံးဆီများ လက်ခံရယူခြင်းနှင့် သိုလှောင်ကန်သို့ ထည့်သွင်းနေမှုအား ကွင်းဆင်းစစ်ဆေး
Mar 20,2026
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ် ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ H O B ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိနေသည့် စားသုံးဆီတင်င်္သောမှ သယ်ဆောင်လာသည့် စားသုံးဆီများ အလေးချိန်နှင့် အရည်အသွေးပြည့်မှီသော စားသုံးဆီများအား ဆီကန်များအတွင်းသို့ ထည့်သွင်းသိုလှောင်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးပြပွဲများ ခင်းကျင်းပြသ
Mar 20,2026
လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။