ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် မြို့အဝင်စစ်ဆေးရေးဂိတ်၌ မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Dec 07,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း အစီအစဉ်ကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က မုံးကိုးမြို့၊ မြို့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကဌာန၏ နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် နှာခေါင်းစည်းဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန့်နေ့၊ နေ့လည်(၁) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ(၂၈)ဦး အား အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ) ၌ ယမန်နေ့ မွန်းလွဲပိုင်းက အသွားအလာကန့်သတ်စောင့်ကြည့်ထားသည်။
Dec 07,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကကြီးမှူး၍ ဒေသခံတိုင်းရင်းသားတို့၏ ဝက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် "အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ဝက်မွေးမြူရေး" ပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူယာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ကျင်းပသည်။
Dec 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် အမျိုးသားနှစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Dec 07,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဟိုခိုတံတားအနီးရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ ခရီးသွားလာသူများ သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူး၏ သွားလာခွင့် ကတ်ပြားနှင့် ဌာနဆိုင်ရာဖြင့်ပါက M.O ပါမှသာ အဝင်/ထွက် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ အသိပေးနှိုးဆော်ခဲ့သည်။
Dec 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကုံးလုံးကျေးရွာအုပ်စုနှင့် လွိုင်ကုန်ကျေးရွာအုပ်စုအတွင်းရှိ ကောင်းဖယ်- လုတ်ကန်း ကျေးရွာချင်းဆက် မြေသားလမ်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ဖောက်လုပ်လျက်ရှိသည်။