ကွမ်းလုံ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ(၂၈)ဦး အား အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ) ၌ ယမန်နေ့ မွန်းလွဲပိုင်းက အသွားအလာကန့်သတ်စောင့်ကြည့်ထားသည်။
အဆိုပါ နေရပ်ပြည်သူများအား ချင်းရွှေဟော်မြို့ နယ်စပ်စစ်ဆေးရေးဂိတ်မှ လွှဲပြောင်းလက်ခံ၍ ကွမ်းလုံမြို့နယ် ကျန်ကြာကျိုင်း ကျေးရွာ(၂၄)ဦး၊ လောက်ခိုင်ကျေးရွာ(၃)ဦးနှင့် ပန်ခမ်းကျေးရွာ(၁)ဦးဖြစ်ပြီး ကျား(၁၄)ဦး၊ မ(၁၄)ဦးရှိရာ ကလေးငယ်(၁၁)ဦးပါဝင်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
နေရပ်ပြန်ပြည်သူများအား အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာ ရေးဝန်ထမ်းများက နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)