ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူယာန်ကျေးရွာ၌ "အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ဝက်မွေးမြူရေး" ပညာပေး ဟောပြော

ပူတာအို  ဒီဇင်ဘာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကကြီးမှူး၍ ဒေသခံတိုင်းရင်းသားတို့၏ ဝက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် "အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ဝက်မွေးမြူရေး" ပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူယာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ကျင်းပသည်။

ဟောပြောပွဲတွင် ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပူတာအိုခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက အာဖရိကဝက် အပြင်းဖျားရောဂါနှင့် ဝက်မွေးမြူရေး၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များကို ပညာပေး ဟောပြော ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများက ဝက်မွေးမြူရေး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ညွှန်ကြားချက် Social Distancing နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ခင်ဒူယာန်ကျေးရွာမှ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူ ဒေသခံပြည်သူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)