Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မိုင်းယောင်းမြို့နယ်ရှိ မုန်းလိုက်တံတားကျန်းမာရေးစစ်ဆေးရေးဂိတ်အား ည ၉ နာရီအချိန်မှ နံနက် ၈ နာရီအချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြု
Dec 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မုန်းလိုက်တံတားစစ်ဆေးဂိတ်အား နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်၍ ည ၉ နာရီအချိန်မှ နောက်တစ်နေ့ နံနက် ၈ နာရီ အချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့မစျေးနှင့် ယာယီပျံကျစျေးတို့တွင် နေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 01,2020
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှုမရှိစေရန် စျေးရောင်းသူနှင့် စျေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ မြို့မစျေးနှင့်ယာယီပျံကျစျေး တို့တွင် နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နန်းမယ်ခုံမြို့တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းဆောင်ရွက်
Nov 29,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် နန်းမယ်ခုံမြို့ ၊ ခေါ်ခုကယား ရပ်ကွက်နေ တောင်သူ ဦးဖရေးရယ်၏ လယ်မြေ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့တွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign)ဆောင်ရွက်
Nov 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ၊ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign) ကို ပုံပါကျင်မြို့မဈေးရှေ့တွင် ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ယာဉ်နောက်လိုက်(၂)ဦး ထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ
Nov 28,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိ လာသည့် ကုန်တင်ယာဉ်(၃၄)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၆၁)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာလ ၂၇ ရက် နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၆ ဘီး ကုန်စုံ တင်ယာဉ် (၂)စီးမှ ယာဉ်နောက်လိုက်
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့နယ် ထုံးကိန်းကျေးရွာတွင် ကျေးရွာအဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနား နှင့် ရိုးရာယဉ်ကျေးမှုအဆိုအက၊ အားကစား ပြိုင်ပွဲများကျင်းပပြုလုပ်
Nov 28,2020
နိုဝင်ဘာ ၂၀ ရက်နေ့တွင်ကျရောက်သော ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးမှု နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်းအမှတ်ကို လူသရမ်ဝေါဖက်ဒရေးရှင်း မြန်မာ (မင်းတပ်)နှင့် စီမံကိန်းဝင်ကျေးရွာသုံးရွာပူးပေါင်းလျက် ထုံးကိန်းကျေးရွာ ကျောင်းခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်(၂)ဦး ထပ်မံဝင်ရောက်
Nov 27,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က နေရပ်ပြန် ( ၂ )ဦး ကျီခါးမြို့သို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွယ်ဂျယ်မြို့ တိမ်းရှောင်စခန်း(၂)ခုရှိ မိသားစု (၉၁)စုအား ထောက်ပံ့ငွေများပေးအပ်
Nov 27,2020
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စီမံချက်ဖြင့် ဧရာဝတီဘဏ်မှ ပူးပေါင်းဆောင်ရွက်သည့် ကန့်သတ်မဲ့ငွေသားပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခန့်က လွယ်ဂျယ်မြို့ရှိ တိမ်းရှောင်စခန်း(၂)ခုတွင်ပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
68
Page
69
Page
70
Page
71
Current page
72
Page
73
Page
74
Page
75
Page
76
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department