Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
လောက်ကိုင်မြို့နယ်တွင် ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား တောင်သူပညာပေးကွင်းပြပွဲ ပြုလုပ်
Dec 04,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့ ထင်ပါကျိုင်း ကျေးရွာအုပ်စု ၊ နားလီကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန မှ ဘိန်းအစားထိုးစိုက်ပျိုးရေး ပညာပေးခြံတွင် စိုက်ပျိုးထားသော ကြံမျိုး (၆)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ခင်းအား ယမန်နေ့ နံနက် ၁၀ နာရီက တောင်သူပညာပေးကွင်းပြပွဲ ပြုလုပ်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်နှင့် ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့
Dec 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်/ထွက် ဂိတ်များတွင် အထူးကြပ်မတ် စစ်ဆေး ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်မှတ်သားခြင်းများ အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းဆောင်ရွက်
Dec 03,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) လုပ်ငန်းကို လိုင်လင်းပီမြို့ကျန်းမာရေးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်များနှင့် မြို့တွင်းလမ်းဆုံနေရာတို့၌ ယနေ့နံနက် (၉) နာရီအချိန်မှစ၍ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ချင်းပြည်နယ် မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ် လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်
Dec 03,2020
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၃ရက်နေ့ မွန်းလွဲ ၁နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာ စောင့်ကြည့်ထားရှိ
Dec 03,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာ၌ (၁၄)ရက်ကြာ အသွားအလာကန့် သတ်စောင့်ကြည့်ရန်ထားရှိ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေပေး
Dec 03,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်မြို့၌ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ် (၂)ခုအား ကွင်းဆင်းကြည့်ရှု
Dec 03,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ်(၂)ခုအား ၂၀၂၀ပြည့်နှစ် ယမန်နေ့က ကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
64
Page
65
Page
66
Page
67
Current page
68
Page
69
Page
70
Page
71
Page
72
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department