Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် အမျိုးသားနှစ်ဦး စစ်ဆေးတွေ့ရှိ
Dec 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် အမျိုးသားနှစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ဟိုခိုတံတားအနီးရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်မှ သွားလာခွင့်ကတ်ပြားနှင့် M.O ပါမှသာ အဝင်/ထွက် ခွင့်ပြုမည်
Dec 07,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဟိုခိုတံတားအနီးရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ ခရီးသွားလာသူများ သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူး၏ သွားလာခွင့် ကတ်ပြားနှင့် ဌာနဆိုင်ရာဖြင့်ပါက M.O ပါမှသာ အဝင်/ထွက် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၊ တောင်ပေါ်ဒေသ ကျေးရွာချင်းဆက် မြေသားလမ်း စတင်ဖောက်လုပ်
Dec 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကုံးလုံးကျေးရွာအုပ်စုနှင့် လွိုင်ကုန်ကျေးရွာအုပ်စုအတွင်းရှိ ကောင်းဖယ်- လုတ်ကန်း ကျေးရွာချင်းဆက် မြေသားလမ်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ဖောက်လုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်(၂)ဦး ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် သွားရောက်တာဝန်ထမ်းဆောင်မည်
Dec 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်(၂)ဦးသည် ရန်ကုန်တိုင်း ဒေသကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ဒီဇင်ဘာ ၅ ရက်နေ့တွင် သွားရောက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ တာချီလိတ်မှပြန်လည်ဝင်ရောက်လာသူဒေသခံ (၈) ဦး အား Quarantine ထားရှိ၍ ကိုဗစ်-၁၉ ရောဂါ Antigen (RDT)Test Kit ဖြင့် စစ်ဆေးရာ ပိုးမတွေ့
Dec 04,2020
ရှမ်းပြည်နယ်အရှေ့ပိုင်၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ခရီးသွားဒေသခံပြည်သူ တာချီလိတ်မြို့နယ်မှ ပြန်လည်ဝင်ရောက်လာသူ(၈)ဦးကို ယနေ့ နံနက် ၆ နာရီက Antigen (RDT)Test Kit ဖြင့် စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ့ဖုန်းယန်မြို့၌ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Dec 04,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီက စတင်၍ ဖာကေ၊ အူထန်ယန်ကျေးရွာများတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန် ဟိုခိုတံတားအနီးတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ထားရှိ၍ စတင်စစ်ဆေး
Dec 04,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ယနေ့ နံနက် ၇ နာရီက တာကြန့်ကျေးရွာရှိ ဟိုခိုတံတားအနီး၌ ကျန်းမာရေး စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ စတင်ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ အင်ဆိုင်းယန်ကျေးရွာ ကွင်းအမှတ် OSS ကွင်း လယ်ယာမြေတွင် မိုးစပါးစံကွက် ရိတ်သိမ်း
Dec 04,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ခင်ဒူယန်ကျေးရွာအုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ ကွင်းအမှတ် OSS ကွင်း၌ ဖော်ထုတ်ပေးထား လျက်ရှိသော လယ်ယာမြေတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ စံကွက်ရိတ်သိမ်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
62
Page
63
Page
64
Page
65
Current page
66
Page
67
Page
68
Page
69
Page
70
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department