Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ
Dec 04,2020
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂၁)ဦး တက်ရောက်ကြပြီး အစည်းအဝေးကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခေါင်လန်ဖူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Dec 04,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ယနေ့နံနက် ၁၀ နာရီခန့်က ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်မြို့၌ သူနာပြုသားဖွားအသင်းမှ ပြည်သူများအား mask များအခမဲ့ဖြန့်ဝေပေး
Dec 04,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ ခေါနူးစုမ်လမ်းမ၊စံပါယ်လမ်းနှင့် ချယ်ရီလမ်း ဆုံ၌ ကန်ပက်လက်မြို့ သူနာပြုသားဖွားအသင်းမှ ယနေ့ နံနက် ၉ နာရီတွင် mask များအခမဲ့ ပေးဝေခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Dec 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကလေးငယ်များအား ပုံမှန်ကြိုတင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာ၌ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုးထပ်မံတွေ့ရှိ
Dec 04,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၂၈)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၅၀)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၆ ဘီး ကုန်စုံတင်ယာဉ်မှ ယာဉ်မောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်း မြို့ အမှတ်(၁)ရပ်ကွက် နေထိုင်သော အမျိုးသား(၁)ဦး နှင့် ၁၂ ဘီး ငှက်ပျောတင်ယာဉ်၏ ယာဉ်နောက်လိုက် ဗန်းမော်မြို့ သာစည်ရပ်ကွက် လျှပ်စစ်ကုန်းနေထိုင်သော အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 04,2020
ချင်းပြည်နယ် COVID-19 ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ ယမန်နေ့တွင် မြိုနယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး ကမ်းပိန်းလုပ်ငန်းများ ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေး ကမ်းပိန်းလုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီ အချိန်က မြို့လယ်ဓမ္မာရုံရှေ့တွင်ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case- 79482 ဆေးရုံမှဆင်း
Dec 04,2020
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case -79482 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
63
Page
64
Page
65
Page
66
Current page
67
Page
68
Page
69
Page
70
Page
71
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department