ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 10,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ယမန်နေ့၊ ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၂၂)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။
Dec 10,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့ရှိတိုက်ပွဲရှောင်ပြည်သူများအား Hand gel နှင့် ကာဘော်လစ်ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီက အထကကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Dec 10,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 10,2020
၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မိုင်းယုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့ဝင်လမ်းဆုံနှင့် စစ်ဆေးရေးဂိတ်များရှိရာနေရာတို့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။
Dec 08,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင် စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာလ(၈)ရက် နံနက်(၉)နာရီခွဲအချိန်က မြိုနယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Dec 08,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့်ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ လိုက်လံစစ်ဆေးခဲ့သည်။
Dec 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေသည့် Campaign ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2020
မင်းတပ်မြို့မစျေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စျေးရောင်းစျေးဝယ် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းကို အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။